ရုရှားလူငယ် အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ တင်ဆက်ကျင်းပမည်

ရန်ကုန် ၈ နိုဝင်ဘာ

 

ရုရှားလူငယ် အနုပညာရှင်များဖြစ်ကြသော နိုင်ငံတကာပြိုင်ပွဲများ၏ ဆုရှင်များဖြစ်သည့် ရော်မန် မာရ်ကီလော့ဗ် (ဆိုက်ဆိုဖုန်း- လေမှုတ်တူရိယာ)နှင့် အဲလက်စေး ကူဇညဲစော့ဗ် (Forte စန္ဒာရား)တို့၏ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၄ ရက် ညနေ (၆)နာရီခွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ တင်ဆက်ကျင်းပမည်ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်အရ သိရသည်။

 

ဖရန့်လိစ်၊ စီဇာဖရန့်၊ ပယ်အီချိုင်ကော့ဗ်စကီး၊ အေစကရာဘင်၊ အက်စရာဟ်မာညီနော့ဗ်၊ အမ်ရာဗျယ်၊ ပယ်အီကျူရာဒ် အစရှိသည့် ဂီတပညာရှင်ကြီးများ၏ တေးသွားများကို တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

MDN