သာယာဝတီမြို့အနီး အင်အား (၃.၅) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၁၉ သြဂုတ်

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၇ မိနစ်၊ ၃၇ စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၇၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သာယာဝတီမြို့၏ အရှေ့မြောက်ဘက် (၂၉)မိုင် ခန့်အကွာ) ကို ဗဟိုပြုကာ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ မြေငလျင်သည်  မြောက်လတ္တီတွဒ် (၁၇.၉၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၄) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

MDN