သံတွဲမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ဗဟိုပြု၍  ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော်   ၁၈  သြဂုတ်

ယနေ့ နံနက် မြန်မာစံတော်ချိန် ၉ နာရီ၊ ၅၄ မိနစ်၊ ၂၁ စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၁၆၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သံတွဲမြို့၏ အရှေ့ဘက် (၁၅)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၈ ဒသမ ၄၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၅၉)ဒီဂရီ၊ အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅ ဒသမ ၅)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN