သုံးခွမြို့နယ် မှိုကုန်းသာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

သုံးခွ  ၁၉  ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မှိုကုန်းသာကျေးရွာထိပ်နေ ဦးသန်းဇော်၏နေအိမ်၌ မီးဖိုမီးကြွင်းမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင်လ ၁၈ ရက် ည ၉ နာရီက ၎င်း၏ ဓနိမိုးထရံကာ ပျဉ်ခင်းတစ်ထပ်နှင့်တွဲလျက် နောက်ဖေးမီးဖိုဆောင်အတွင်းရှိ ရေနွေးအိုးတည်ထားသော ထင်းမီး မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ တစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုမှာ ၉ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့ပြီး အိမ်ရှင်ဖြစ်သူ  ဦးသန်းဇော်နှင့်ဇနီး ဒေါ်မေစိုးမွန်တို့တွင် မီးလောင်ဒဏ်ရာ အတွင်းလူနာ(မစိုးရိမ်ရ)များရရှိ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းဇော်အား ကတုံးပေါ်နယ်မြေ ရဲစခန်းမှ အမှုရေးဖွင့်ထားကြောင်း သိရှိရသည်။


MDN