သယံဇာတအရင်းအမြစ်များဖြင့်  စီးပွားရေးမြှင့်တင်


နိုင်ငံတော်က  ဖော်ဆောင်လျက်ရှိသည့်  စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင်  အားပေးကူညီပြီး   နိုင်ငံတော်၏ထုတ်ကုန် များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ  ဆောင်ရွက်ဖော်ဆောင် ရေး”နှင့်“တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး”အချက်တို့ ပါရှိသည်။

စီးပွားရေးဦးတည်ချက်တွင်ပါရှိသည့်    “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး”သည် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံရေးဦးတည်ချက်(၄)ရပ်တွင် “ပြည်ထောင်စုတစ်ဝန်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေ ရေး” အချက် ချမှတ်ထားပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လမ်းပန်း ဆက်သွယ်ရေးလုံခြုံချောမွေ့စေမှုတို့ကို     တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်လျက်ရှိပြီး စားရေရိက္ခာဖူလုံရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်း ဖြင့် အေးချမ်းသာယာဝပြောသည့်တိုင်းပြည် ဖြစ်ပေါ်လာမည်ဖြစ်သည်။

နိုင်ငံတော်၏   အမျိုးသားရေးရည်မှန်းချက်ကို   အကောင်အထည်ဖော်ရာ၌ နိုင်ငံတစ်ဝန်း    လုံခြုံချောမွေ့မှုရှိစေရေးကို    အလေးထားဆောင်ရွက်နေချိန်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း    ဝိုင်းဝန်းအကောင်အထည်ဖော်လျက်ရှိ သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန် မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိလာအောင် နိုင်ငံတော်အစိုးရက အားပေးကူညီဖြည့်ဆည်း ပေးနေသည်။ သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်မြှင့်တင်ရေးတွင် စားသောက်ကုန် လုပ်ငန်းများသည် ပြည်တွင်း/ ပြည်ပလိုအပ်ချက် ကြီးမားကျယ်ပြန့်သောလုပ်ငန်း များဖြစ်၍ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍကို ကျယ်ပြန့်စွာဆောင်ရွက်နေသည်။

“နိုင်ငံတော်၏ စီးပွားရေးမြှင့်တင်ရေးအတွက် မိမိအနေဖြင့် စီမံဆောင်ရွက် လျက်ရှိပြီး   တိုင်းပြည်၏အားသည်   ပြည်တွင်း၌သာရှိကြောင်း၊    လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပမှအကူအညီများကို   ရယူမှုအနည်းဆုံးဖြင့်   အကောင် အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ အတတ်နိုင်ဆုံး ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြင့်       လုပ်ငန်းများကို    အကောင်အထည်ဖော်ဆောင်ရွက်လျှင် ကောင်းမွန်ကြောင်း၊  မွေးမြူရေးလုပ်ငန်းသည်   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊   စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကူညီအားပေးရန်၊   ဖွံ့ဖြိုးတိုးတက်စေရန်   အာမခံထားပြီး ပူးပေါင်းစွမ်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်စေရမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၆ ရက် နေ့တွင် ပန်းတနော်မြို့နယ်ရှိ ငါးလုပ်ငန်းများကို စစ်ဆေးစဉ် ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ စံနမူနာပြစီးပွားရေးလုပ်ငန်း ကြီးတစ်ခု ထူထောင်ထားသည်။ ပန်းတနော်မြို့နယ် မိုးကုတ်ဒီးဒုတ်ကွင်းအတွင်း၌ သိပ္ပံနည်းကျ အဆင့်မြင့်ခေတ်မီငါးသားဖောက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အကြီးဆုံး ငါးမွေးမြူခြင်း၊ ကုန်ချောပြုပြင်ထုတ်လုပ်ခြင်း၊ အစာတောင့်ထုတ်လုပ်ခြင်းတို့ပါဝင် သည့် စီမံကိန်းတစ်ခုဖြစ်သည်။ ယခုအခါ  သိပ္ပံနည်းကျဖြင့်  ငါးတန် အထီး၊ အမ တစ်သိန်းနှစ်သောင်းကို ပြုစုထားရှိကာ နေ့စဉ်ငါးသားပေါက်(ငါးမှုန်)ကောင်ရေ သိန်း ၄၀ ကို ထုတ်လုပ်လျက်ရှိသည်။ လက်ရှိအချိန်တွင် ငါးသန်/ ငါးဖြန်းကောင်ရေ သိန်း ၂၅၀ ခန့်နှင့် အသားတိုးငါးကောင်ရေ သိန်း ၂၅၀ ခန့်ကို မွေးမြူထားရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးသွားပါက မြန်မာ့ရေလုပ်ငန်း စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက် မှုနှင့် ဒေသအတွင်းရှိ တစ်ဦးချင်းစီ၏ဝင်ငွေများလည်း တိုးတက်လာနိုင်မည်။

ပြည်ပမှ ရေထွက်ကုန်ပစ္စည်း အစားအသောက်တင်သွင်းခြင်းမှ ကုန်ကျ လျက်ရှိသည့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း သက်သာစေနိုင်ပြီး စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် နိုင်ငံ့ စီးပွားရေးကဏ္ဍသည်လည်း ပြောင်းလဲတိုးတက်လာမည်ဖြစ်သည်။ အဆိုပါ သိပ္ပံနည်းကျ အဆင့်မြင့်ငါးမွေးမြူ ထုတ်လုပ်ခြင်းစီမံကိန်းကြီးသည်  ငါးသားပေါက်မွေးမြူသည်မှ   ငါးအဆင့်မြင့် ကုန်ချောများရရှိသည်အထိ ပါဝင်သည့်စီမံကိန်းလုပ်ငန်းကြီးဖြစ်သဖြင့် လူဦးရေ အမြောက်အမြားကို   အလုပ်အကိုင်အခွင့်အလမ်းများ    ဖော်ဆောင်ပေးနိုင်မည် ဖြစ်သကဲ့သို့  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအကျိုးဖြစ်ပေါ် စေနိုင်မည့် မွေးမြူရေးစီမံကိန်းကြီးတစ်ခုဖြစ်သည်။ 
သို့ဖြစ်ရာ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည် ဖော်ရာ၌ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးကို ထိရောက်စွာအကောင်အထည်ဖော် နိုင်မည့်    ဖော်ပြပါစံပြစီမံကိန်းကြီးကဲ့သို့   ပြည်တွင်းသဘာဝသယံဇာတများကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။    ။

ကြေးမုံ