ဆင်ပြောင်ကြီး အမြီးတွင်တစ် ဟူတုံလစ်သို့

တက္ကသိုလ်ရာပြည့် ဘဝတစ်ကွေ့

အမိတက္ကသိုလ်မြေမှ ပေါက်ဖွားလာသော ခေတ်စမ်းစာပေ

‌ဒေါက်တာ ညိမ်းညိမ်း

မြန်မာနှင့် ပါဠိ (၁၃)

သတင်းဆောင်းပါး - မောင်ခင်မင်(ဓနုဖြူ)

ရှေ့နေ နှင့် ပန်းသုံးပွင့်

<

အင်းဝရဲ့ လွမ်းပုံပြင်
မိမိမွေးဖွားရာအရပ်၊ မိမိပညာသင်ကြားရာအရပ်နှင့် မိမိကြီးပွားရာအရပ်တို့ကို မမေ့အပ်ဟု ရှေးလူကြီးများက ဆိုခဲ့ကြပါသည်။ ကျွန်တော်တို့လည်း လူအဖြစ် မွေးဖွားလာခဲ့ကြသည်။ ပညာလည်း သင်ကြားခဲ့ကြသည်။ ပညာသင်ကြားရာ လမ်းတစ်လျှောက်တွင်လည်း နားခဲ့ခိုခဲ့သည့် နေရာများစွာလည်းရှိခဲ့ပါသည်။ ထိုနေရာများထဲတွင် တွေးမိတိုင်း လွမ်းရသည့် နေရာတစ်ခုလည်း ရှိပါသည်။ ထိုနေရာမှာ အခြားမဟုတ်ပေ။ ကျွန်တော်တို့၏ သမိုင်းလှဝင် အင်းဝဆောင်ပဲ ဖြစ်သည်။