၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၄၆ )
ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်စုစု ပေါင်း ၃၃၀ နေရာတွင် ၃၁၅ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာတွင် ၁၆၁ နေရာ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာတွင် ၆၁၂ နေရာနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် နေရာများတွင် ၂၉ နေရာတို့အတွက် ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲများကျင်းပသည့် မဲဆန္ဒနယ်အားလုံးတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးရှိသည်။ မဲဆန္ဒရှင် ရာခိုင်နှုန်း၏တော်တော်များများက လာရောက် မဲပေးခဲ့ကြသည်ကို တွေ့ရသည်။ ရာခိုင်နှုန်းမည်မျှထိ လာရောက်ဆန္ဒမဲပေးသည်ကိုမူ အားလုံးစာရင်းပေါင်းချုပ် ပြုစုပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးပါလိမ့်မည်။








