ပြင်ဦးလွင် အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၇)ရှိ အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်းမြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၇ရက်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံ‌ငွေ ၃၆၆ ဒဿမ ၄၇၇ ကျပ်သန်းဖြင့် ကလောမြို့နယ် နန်းသဲ- တောင်လား- တောင်ကွဲ- နန်းတိုင်းသွားလမ်း  ကတ္တရာအပြီးသတ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို  ကွင်းဆင်းစစ်ဆေးသည်။
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေး ကျင်းပ
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ဗန်းမော်မြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လတ်တလော နေရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗန်းမော်မြို့ရှိ တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက် တောင်သူများ၏ ထွက်ကုန်များကို ဝယ်ယူခဲ့ပြီး မန်စီမြို့နယ်မှ လတ်တလော အခြေအနေအရ နေရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းတော်ြကီး ကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်းတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးမျိုးသွင်နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နွယ်ခက်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများ အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။