ဘေးအန္တရာယ်ဖြစ်စေမည့်စားသောက်ကုန်ပစ္စည်းများရောင်းချမှုနှင့်မုန့်တိုက်များအားလုပ်ငန်းမှတ်ပုံတင်ပြုလုပ်မှု ရှိ/မရှိ လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မကွေး တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက မြို့ပေါ်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များနှင့် မုန့်လုပ်ငန်းတိုက်များအား ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်ပစ္စည်းများရောင်းချမှုနှင့် မုန့်တိုက်များအား လုပ်ငန်းမှတ်ပုံတင်ပြုလုပ်မှုရှိ၊ မရှိ လိုက်လံစစ်ဆေးခဲ့သည်။
ဝေါလေမြိုင်မြို့တွင်  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ဖွဲ့စည်း
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ် ပုံမှန် လာရောက်ကြသူများနှင့် စာဖတ်ဝါသနာပါသူတို့ ပူးပေါင်းပြီး  -----
မန္တလေးတိုင်းဒေသကြီးတွင် နွေကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် ဆောင်ရွက်နေ
မန္တလေးတိုင်းဒေသကြီးတွင် နွေကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ----
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်စစ်ဆေးဆောင်ရွက်ပေး
၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ပလောက်မြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်း၍ မီးလောင်မှု၊ မီးထိတ်လန့်မှုမရှိစေ ရေးအတွက် ယနေ့ ကြိုတင်စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။
စလင်းမြို့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသ
မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက စလင်းမြို့ စည်ပင်သာယာပန်းခြံ နှင့် မြို့မဈေးလမ်းထောင့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်စိမ်းကုန်ကြမ်း ရရှိရေးနှင့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများက ကျောက်စိမ်းကုန်ကြမ်း(အရိုင်း)များ ရောင်းချ
ပြည်တွင်း/ပြည်ပ ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိက ကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ ၅ ခုက ကျောက်စိမ်းကုန်ကြမ်း(အရိုင်း)များ ရောင်းချပေးကြောင်း မြန်မာသူရ ကျောက်မျက်ကုမ္ပဏီမှ သိရသည်။
မြင်းခြံခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂၈ ဖြင့် ပြုလုပ်သွားမည်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ် ၄ ခုရှိ စာစစ်ဌာန ၂၈ ခုတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။