လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉) အခမ်းအနား ကျင်းပမည်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လစဉ်ဆောင်ရွက်လျက်ရှိသည့် သတင်းထုတ်ပြန် ခြင်း(၁/၂၀၁၉) အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သထုံတွင်  ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေးသင်တန်းဖွင့် 
မွန်ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ခန်းမ၌ ကျင်းပသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ(၁၆)၊ အမှတ်(၂) ထုတ်ဝေဖြန့်ချီ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေလျက်ရှိသည့် ဒို့ကျေးရွာ ဂျာနယ်ကို အသွင်သဏ္ဍာန် အနှစ်သာရပြောင်းလဲကာ ရောင်စုံစာမျက်နှာများဖြင့် ဝေဝေဆာဆာ ထုတ်ဝေ ဖြန့်ချိလျက်ရှိရာ အတွဲ(၁၆)၊ အမှတ်(၂)ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။
စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၇၁)၊  အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၄)နှင့် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၄) သင်တန်းများဖွင့် 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်
စစ်ကိုင်းမြို့ ကလေးစာပေပွဲတော် ဒုတိယမြောက်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ
စစ်ကိုင်းမြို့တွင် ကျင်းပလျက်ရှိသော ကလေးစာပေပွဲတော် ဒုတိယမြောက်နေ့တွင် မြို့ပေါ်ရှိအခြေခံ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) သင်တန်းဆင်းပွဲ ကျင်းပ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်မိန့်ခွန်း ပြောကြားသည်။
ဟင်္သာတမြို့နယ်ရှိ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးကျရောက်မှု ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ရွှေဂူကျွန်း(ရွှေဟင်္သာကျွန်း)ကျေးရွာ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးများ ကျရောက်နေမှုကြောင့် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်(နည်းပညာ) ဦးဆောင်သောအဖွဲ့က တောင်သူများနှင့် တွေ့ဆုံပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။