နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying Sayaxang အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ဘုရားကြီးမြို့ ဝိသာခါ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ် လှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
ပဲခူးမြို့နယ် ဘုရားကြီးမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ရွှေမင်းဂံ၌ ဝိသာခါ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ် လှူဒါန်းပွဲ အခမ်းအနား ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။ 
မန္တလေးမြို့၌ ပုံကျဈေးသည်များကို ဈေးကောက်ပိုမိုကောက်ခံသည့် ဝန်ထမ်းများအား အရေးယူမည် 
မန္တလေးမြို့၌ ပျံကျဈေးသည်များကို ဈေးကောက် ကောက်ခံရာတွင် သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသည့် ဝန်ထမ်းများကို အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
စလင်းမြိုနယ်တွင် အချိန်ခါမဲ့ မိုးကြောင့် ရိတ်သိမ်း စပါးအချို့ ပျက်စီး
မကွေးတိုင်းဒေသကြီး စလင်းမြိုနယ်တွင် ဇန်နဝါရီ ၆ ရက်မှ စတင်၍ အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ခင်းများ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
ဇန်နဝါရီ ၄ ရက်နှင့် ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၌ အသက် (၈၅) နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင်များ ထောက်ပံပေးအပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘုရားကြီးမြို့ စက်မှုလယ်ယာ ဦးစီးဌာန သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် ဘုရားကြီးမြို့ အမှတ် (၃၁) စက်မှုလယ်ယာစခန်းအတွင်းရှိ စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း (အောက်မြန်မာပြည်) သို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကိုရီးယားနိုင်ငံမှ သင်ထောက်ကူပန်းချီကားများ ကူညီထောက်ပံ့

ချောက် ၉ ဇန်နဝါရီ