ကန်ကြီးထောင့်မြို့၌ ရဟန်းသာမဏေ သီလရှင် အပါး ၂၅၀ တို့ကို ဆွမ်းဆန်စိမ်း လောင်းလှူ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့သော ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီက စေတီတော်ကြီး၏ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း၌ သနပ်ခါးအကြိုသင်္ကြန်ပွဲတော်ကျင်းပမည်
ရန်ကုန်မြို့ သနပ်ခါးအကြိုသင်္ကြန်ပွဲတော် ဧပြီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၄ ရက်တိုင် ပြည်သူ့ရင်ပြင် အတွင်းရှိ စမ်းချောင်း Food Town ဧရိယာအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာမေးပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ချောင်းဦးမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာမေးပွဲကို ဧပြီလ(၂)ရက်မှ (၈)ရက်ထိ မွန်းလွဲ(၁၂)နာရီ အချိန်မှ ညနေ(၃)နာရီထိ ချောင်းဦးမြို့ အ.ထ.က အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ကြီး များမှ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်းစာရင်းရှိ(၈၄)ပါးနှင့် စာဖြေ သံဃာတော်(၇၅)ပါး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးနင်းပြိုင်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Pathein Cycling Club တို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးနင်းပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ နာရီ စင်အဝိုင်းမှ စတင်တာလွှတ်သည်။
၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရရှိ
ပြည်သူ့ဂုဏ်ရည်အသင်းက ရွေးချယ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရရှိခဲ့ကြောင်း အဆိုပါကော်မတီမှ သိရသည်။
တိမ်အသင့်အတင့်ဖြစ်ထွန်းမည်

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ဇေယျာသီရိမြို့နယ်၊ ခရေပင်လမ်းခွဲရှိ ကြေးမုံသတင်းစာတိုက် ဘိုးဝဇီရခန်းမတွင် စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်