အပြစ်မဲ့ရွာသား ၁ ဦးအား AA အဖွဲ့က သတ်ဖြတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာ၌ AA အဖွဲ့က ရွာသား ၁ ဦးအား မတ် ၂၇ ရက် ညပိုင်းတွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်စာအုပ်လမ်း၏ နဝမရက်သတ္တပတ်တွင် စာပေဟောပြောပွဲနှင့် အလှမယ်ဂုဏ်ရည်အေးကျော်တို့၏ စာပေပဟေဠိများစီစဉ်ထား
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ရန်ကုန်စာအုပ်လမ်း၏ စနေနေ့တွင် စာအုပ်ဆိုင်င်များ ပုံမှန်ရောင်းချသွားမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် စာပေဟောပြောပွဲနှင့် စာပေပဟေဠိ တို့ကို စီစဉ်ထားကြောင်း သိရသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၁၀၆၁ ဦးအား လူမှုရေးပင်စင်ထောက်ပံ့
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ အသက် ၈၅နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူခရိုင်တွင် လူမှုရေးပင်စင် ရရှိသူ ၇၉၀ဝ ကျော်အား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်
ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာခန်းမ(၁)တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေးမြို့နယ် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် World Bank အဖွဲ့နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် World Bank Head of Office for Myanmar မှ Mr. GevorgSargsyan နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor တို့နှင့် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ သီးခြားစီတွေ့ဆုံ သည်။
ဖာပွန်မြို့၌ ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပထမအကြိမ် ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ