စလင်းမြို့နယ်အတွင်း၂၀၁၈-၂၀၁၉ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးခြင်းအတွက် ကွန်ပေါင်းဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စလင်းချောင်းရေတိုက်စားမှုကြောင့် ပုံစံ(၇)ရရှိပြီးသည့် ကမ်းပါးပြိုလယ်ယာ မြေများအား ကွန်ပေါင်းဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ သည်။
အိမ်မဲမြို့တွင် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန် ခန်းမ၌မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး  စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းကို မတ် ၂၆ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။ 
အာရှကမ္ဘာမြေကုမ္ပဏီမှ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင် ပိဿာချိန် ၃၄၀ ကျော်ကျန်ရှိဟုဆို
အာရှကမ္ဘာမြေကုမ္ပဏီမှ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင် ပိဿာချိန် ၃၄၀ ကျော် ကျန်ရှိနေကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံး စာရင်းစစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
တရုတ်နိုင်ငံမှ ဆန်တင်သွင်းမှုလိုင်စင် ရပ်ဆိုင်းမှုကြောင့် မြန်မာပြည်ရှိ ဆန်ကုန်သည်များနှင့် လယ်သမားများ ဆန်တင်သွင်းရန် အခက်အခဲကြုံတွေ့နေရ
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ဆန်တင်သွင်းမှုလိုင်စင် ရပ်ဆိုင်းမှု ကြောင့် မြန်မာပြည်ရှိ ဆန်ကုန်သည်များ၊ အလုပ်သမားများနှင့် လယ်သမားများ ဆန်တင်သွင်းရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ 
မြိတ်မြို့တွင် နွေရာသီ ကြက်ခြေနီစခန်းသွင်း သင်တန်းဆင်းပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသားလူငယ်များအကြား ပရဟိတစိတ်ဓာတ် ပျိုးထောင်ပေးနိုင်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ------
ပြင်ဦးလွင်မြို့နယ်တွင်  ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဆင်းပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော (၁/၂၀၁၉) ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြေတိုင်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်သည်။