(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မတ် ၂၇ ရက်တွင် နေပြည်တော် စစ်ရေးပြကွင်းကြီး၌ ကျင်းပမည်ဖြစ်ရာ အခမ်းအနားကျင်းပ ပုံများကို
စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီကို  စားသုံးသူကာကွယ်ရေး ကော်မရှင်အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းမည်
စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီကို  စားသုံးသူကာကွယ်ရေး ကော်မရှင်အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် စားသုံး သူအကာအကွယ်ပေးရေးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က  ပြောကြားသည်။
သာကေတမြို့နယ်၊ အာဒိကာရုံအနောက်တိုက် သာသနာ့ဝုဎိကာရီ မဟာသိမ်တော်ကြီး ရေစက်သွန်းချ မဟာသဘင် အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အာဒိကာရုံအနောက်တိုက် သာသနာ့ ဝုဎိကာရီ မဟာသိမ်တော်ကြီးမုခ်ဦးဖွင့်ပွဲ၊ မော်ကွန်းကျောက်စာတိုက်ဖွင့်ပွဲနှင့် သိမ်တော် ကြီး ရေစက်သွန်းချ မဟာသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သိမ်တော်ကြီးတွင် ကျင်းပရာ  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။
အဋ္ဌမအကြိမ် မြန်မာ-လာအို လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ
အဋ္ဌမအကြိမ် မြန်မာ-လာအို လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊  အဖွဲ့အစည်း အသီးသီးက လူငယ်များနှင့်   လူငယ်ရေးရာ မူဝါဒဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန် နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
၆၆ ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်းနှင့် ငွေဆောင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တက်ရောက်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန၏ ၆၆ ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း(၁၄ ဒသမ ၉၂)မိုင်နှင့် ၆၆/၁၁ ကေဗွီ (၅)အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။
ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
(၂၀၁၉)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဒဂုံသစ်မြို့နယ် (တောင်ပိုင်း) မြို့နယ်ခန်းမ၌ ကျင်းပသည်။