နွေရာသီကာလ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစေရန် သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ နွေရာသီကာလ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၂၄ ရက် နံနက် ၁၀ နာရီခွဲက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ရတနာဘုံစံ တောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ (ရေ/သွေး)ပရဟိတအသင်းမှ အသင်းအဖွဲ့သားများက ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီအား လူထုထောက်ခံပွဲ ကျင်းပ 
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီအား လူထုထောက်ခံပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေး-လားရှိုးလမ်း လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူအင်အား (၅၀ဝ)ခန့် တက်ရောက်ကြသည်။
ပြန်လည်စွန့်လွှတ်မြေ ဝ.၂၂ ဧကအား မူလပိုင်ရှင်ထံ လွှဲပြောင်းပေးအပ် 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေအား မူလပိုင်ရှင်ထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို
ဟိုပင်၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ  ဇာတ်တိုက်လေ့ကျင့်
ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင်းခြင်းကို မတ် ၂၃ ရက်က ညနေပိုင်းက ကချင်ပြည်နယ် ဟိုပင်မြို့ရှိ အ.ထ.က တေဇခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ သက်တမ်းလွန် အစားအသောက်နှင့် ဆေးဝါးများ ကွင်းဆင်းစစ်ဆေး
သက်တမ်းလွန် အစားအသောက်နှင့် ဆေးဝါးများ ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၃ ရက်က ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ပေါ်ရှိ အစားအသောက်နှင့် ဆေးဝါးအရောင်းဆိုင်များတွင် စစ်ဆေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မောင်တောမြို့၌  မြို့ဝင်မုခ်ဦးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ယနေ့ နံနက် ၉ နာရီက မြို့ဝင်မုခ်ဦးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း
ကရင်ပြည်နယ်၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ထုတ်လုပ်ခြင်း နည်းပညာပေးပို့ချပေး
ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ရဲသူရခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။