ယခုနှစ်သင်္ကြန်ပွဲတော် ရုံးပိတ်ရက်တွင် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံ-ဧရာအဝေးပြေးတို့မှ လက်မှတ်များကို ဝယ်ယူရာတွင် ကျန်ခရီးသွားရာသီတွင် ရောင်းချသော ပုံမှန်လက်မှတ်ခအတိုင်း ဝန်ဆောင်မှုပေးရန် ညွှန်ကြားထားကြောင်း သိရသည်။