ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌမှ တိုက်ကြီးမြို့နယ်ဆေးရုံသို့ ECG နှစ်လုံးဓာတ်မှန်စက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ တိုက်ကြီးမြို့နယ်ဆေးရုံသို့ ECG နှစ်လုံးဓာတ်မှန်စက် လှူဒါန်းခြင်း အခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၆)ကြိမ်မြောက် အစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ် ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်းဧရိယာတွင် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်းဧရိယာတွင် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေနေမှုအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့် တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ မတ် ၁ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်၌ (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အတွေ့အကြုံရှင်းလင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးမျာ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသခံပြည်သူများ တွေဆုံပွဲအခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသခံပြည်သူများ တွေဆုံပွဲကို မတ် ၂ ရက် နံနက် ၉ နာရီက ပလမြို့၊ အမှတ်(၁) ရပ်ကွက် (အ.ထ.က-ခွဲ) စာသင်ကျောင်းရှိ ပညာဒီပစာသင်ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၃၉)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅) သင်တန်းဆင်းပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊   အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ မတ် ၁ ရက် နံနက် ၉ နာရီခွဲက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃၉)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်(၃၅) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ပုလဲမြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ပုလဲရတနာခန်းမ၌ မတ် ၂ ရက် နံနက် ၁၀ နာရီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို  ကျင်းပခဲ့ကြောင်း သိရသည်။