မိုင်းယောင်းထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲတွင် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထပ်လုံစွမ်ယောင်းစေတီတော်တွင် တည်ထားကိုးကွယ်သည့် ထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်နေ့)က .....
တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်၌ ပထမအကြိမ်အဖြစ် ဆီမီးတစ်သောင်းထွန်းညှိ ပူဇော်ပွဲ  ကျင်းပ   
တာချီလိတ်မြို့ ကျက်သရေဆောင် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပထမအကြိမ် ဆီမီးတစ်သောင်းကပ် လှူပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၉ရက်  ည ၇ နာရီက စည်ကားသိုက်မြိုက်စွာ ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။
J&M သံမဏိစက်ရုံမှ သံမဏိသံပေါင်များ ပြည်တွင်း၌သုံးစွဲနိုင်ရုံမက ပြည်ပသို့ပင် တင်ပို့နိုင်

စစ်ကိုင်းမြို့တွင် ဗုဒ္ဓပူဇနိယပွဲတော်၌ ရိုးရာအစဉ်အလာမပျက် ဘဲဥထုပွဲတော်ကျင်းပ

မအူပင်မြို့တွင် မှုခင်းအသိပညာပေးယာဉ်ဖြင့် မှုခင်းကျဆင်းရေးပညာပေး
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဦးဆောင်သော နယ်လှည့်မှုခင်းပညာပေးယာဉ်သည် ယနေ့နံနက်ပိုင်းက မအူပင်မြို့သို့ရောက်ပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် မှုခင်းကျဆင်းရေး အသိပညာပေး ပြခန်းများ၊ ပညာပေးဗီဒီယိုကားများနှင့် ဟောပြောပွဲများကို ဆောင်ရွက်ခဲ့သည်။
ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ
ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့ တပို့တွဲလပြည့် (ဖေဖော်ဝါရီ ၁၉ ရက်) ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ တာဝေးစက်ဘီးအားကစားကွင်း၌ ကျင်းပသည်။
အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား ရတနာစိန်ဖူးတော်၊ ရွှေစင်ရွှေသား ရွှေငှက်မြတ်နားတော်၊ ဆည်းလည်းပဒေသာ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် အရံစေတီများ၏ စိန်ဖူးတော်များနှင့် ငှက်မြတ်နားတော်များ အထွတ်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ
အမရပူရမြို့နယ်တွင် ဘကြီးတော်စစ်ကိုင်းမင်း တည်ထားကိုးကွယ်တော်မူခဲ့သော မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား ရတနာစိန်ဖူးတော်၊ ရွှေစင်ရွှေသား ရွှေငှက်မြတ်နားတော်၊ ဆည်းလည်းပဒေသာ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် အရံစေတီများ၏ စိန်ဖူးတော်များနှင့် ငှက်မြတ်နားတော်များအထွတ်သို့ တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင်တော်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။