ရခိုင်ပြည်နယ်၌ အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းဖွင့်လှစ်
စက်မှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းအမှတ်စဉ်(၂/၂၀၁၉)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်အသစ်များ ရေးမြို့၌ ပြုလုပ်ဆောင်ရွက်ပေး
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ပို့ ဆောင်ရေးစီမံကိန်း ဦးစီးဌာနနှင့်----
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကယန်းတိုင်းရင်းသားလူမျိုးရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ---------
ချင်းအမျိုးသားနေ့ပွဲတော်တွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည်
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် ကျင်းပသည့် ဖလမ်းမြို့ ဟရန်ထီးယိုအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် ပြည်သူများအား ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် မှုပေးမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူး ဦးရိုနိုတ်ခါးက ပြောသည်။
(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့မုခ်ဦးဖွင့်ပွဲကျင်းပ
မင်းတပ်မြို့ မြို့မအားကစားကွင်း၌ ယနေ့နံနက် ၈ နာရီက (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရာ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်း မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ချင်းအမျိုးသားနေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌဦးအွမ်ဂေလိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
မန္တလေး ကျုံးအရှေ့ဘက်ခြမ်းရှိ ပလက်ဖောင်းအဆင့်မြှင့်တင်ခြင်းကို သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်
မန္တလေးမြို့ ၆၆ လမ်း ကျုံးအရှေ့ဘက်ခြမ်းရှိ ပလပ်ဖောင်းအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်လျှက်ရှိပြီး သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။