သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြင်ကွင်းပုံရိပ်များ

မြန်မာနိုင်ငံတစ်ဝန်း၌ ဒေသန္တရအလိုက် ဘုရားပွဲတော်များ၊ ရာသီပွဲတော်များကို ကျင်းပလျက်ရှိရာ အောက်မြန်မာပြည်၌ အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ 
လှည်းကူးမြို့နယ်တွင် သဘာဝဘေး အသိပညာပေးဟောပြော
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၄ ရက်က          ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် အရာထမ်း၊ အမှုထမ်းများမှ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။
ရေနံချောင်းမြို့ ရှစ်မျက်နှာဘုရားဝန်း၌ ချုံနွယ်များရှင်းလင်းခြင်းနှင့် ပလတ်စတစ်ကင်းစင်ရေး အမှိုက်ကောက်ခြင်း ဆောင်ရွက်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ဦးဆောင်မှုဖြင့် ချုံနွယ်များရှင်းလင်းခြင်းနှင့် ပလတ်စတစ်ကင်းစင်ရေး အမှိုက်ကောက်ခြင်းလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက ရှစ်မျက်နှာဘုရားဝန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်စိမ်းစေတီတော်အား အမြန်လမ်းမကြီးဘက်မှ အလွယ်တကူ ဝင်ရောက်ဖူးမြော်နိုင်သော လမ်းပေါက်ရရှိရေး ဆောင်ရွက်လျက်ရှိ
မန္တလေးတိုင်းဒေသကြီးရှိ ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးသည် အမရပူရမြို့နယ် ဆင်ရွာ-မြင်းမှူးကျေးရွာ၊ ရန်ုကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင် (၃၆၁) ၏ အနောက်ဘက် ကိုက် ၂၀ဝ၊ စစ်ကိုင်းမြစ်ငယ် ကားလမ်းမိုင်တိုင် (၄/၇) ၏ တောင်ဘက် ပေ ၁၀ဝ၀ ခန့် အကွာတွင် တည်ထားလျက်ရှိသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လာအိုနိုင်ငံတွင်ကျင်းပသည့် ဒုတိယအကြိမ် မြန်မာ-လာအို နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက် 
လာအိုနိုင်ငံ၊ Luang Prabang မြို့ရှိ Luang Prabang View Hotel ၌ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စများအား ဆွေးနွေးသည်။
ပွင့်ဖြူမြို့နယ်၌ အစိုးရပါဠိပထမပြန်စာအောင် သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်းရှိ အစိုးရပါဠိပထမပြန်စာအောင် သံဃာတော်များနှင့် သီလရှင်များအား စာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ပွင့်ဖြူမြို့နယ် သံဃာနာယကအဖွဲ့ရုံး ဂုဏဝတီကျောင်းတိုက်တွင် ကျင်းပပြုခဲ့လုပ်ကြောင်း သိရသည်။ 
ရွာငံမြို့နယ်၌ အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ခြင်းနှင့် အပင်ပြုပြင် ပုံသွင်းခြင်းနည်းပညာ သင်တန်းဖွင့်လှစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဗထူးခန်းမ၌   စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲက ကြီးမှူးကျင်းပသည့် အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ခြင်းနှင့် ရေရှည်တည်တံ့သော ကော်ဖီစိုက်ခင်း ...........