ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကင်ဆာရောဂါ ကာကွယ်ရေး သန်လျင်၌ အခမဲ့စမ်းသပ်
ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံ(သန်လျင်)နှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကင်ဆာရောဂါ ကာကွယ်ရေးအတွက် အခမဲ့စမ်းသပ်ပေးခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ချမ်းမြေ့မေတ္တာဆေးရုံ ခန်းမဆောင်၌ ကျင်းပသည်။








