မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် အကျုံးဝင်မှု တိုးမြှင့်ရေးအတွက် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်းပြုလုပ်သော မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် အကျုံးဝင်မှု တိုးမြှင့်ရေးအတွက် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများဆွေးနွေးပွဲကို ပုသိမ်မြို့ မြန်မာနိုင်ငံဆရာဝန်အသင်း ရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။







