ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစေရေး မြေသားမိုးရေလှောင်ကန် တူးဖော်ပေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန်နှင့် အပူပိုင်းဒေသ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုနိုင် စေရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် လေးအိမ်ကုန်းကျေးရွာတွင် ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် ၂၆ သိန်းဖြင့် မြေသားမိုးရေလှောင်ကန် တူးဖော်ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးထံမှ သိရသည်။






