ဟိုပင်၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူပညာပေး သင်တန်းဖွင့်လှစ်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင် အမှတ် ၉၃ စက်မှုလယ်ယာစခန်းခွဲ စက်မှုလယ်ယာ ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ၁/ ၂၀၁၉ ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက စက်မှုလယ်ယာဦးစီးဌာန အမှတ် ၉၃ စက်မှုလယ်ယာ စခန်းခွဲ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။




