သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဓာတုလျော့ စိုက်ပျိုးရေးတောင်သူများ၏ သီးနှံထုတ်ကုန်ပြပွဲ မကွေးမြို့၌ ကျင်းပ
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဓာတုလျော့စိုက်ပျိုးရေးနည်းစနစ်များ တောင်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်သည့် ဓာတုလျော့ စိုက်ပျိုးရေးတောင်သူများ၏ သီးနှံထွက်ကုန်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။






