အကျဉ်းသူများကို အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေ
သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု Khit Thit Media အမည်ခံ Facebook Page က နိုဝင်ဘာ ၁၁ ရက်တွင် မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။






