မော်လမြိုင်မြို့ မင်းသန့်စက်သုံးဆီ အရောင်ဆိုင် မီးလောင်မှုဖြစ်ပွား၊ ကယ်ဆယ်ရေးအဖွဲ့ဝင် (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ၊ မော်လမြိုင်-မုဒုံကားလမ်းမဘေးရှိ မင်းသန့်(၁) စက်သုံးဆီ အရောင်းဆိုင်၌ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီ ၂၈ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရသဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ာဉ်(၈)စီး၊‌ ရေသယ်ယာဉ် (၁၃)စီး၊ အမြှုပ်(၄)စီးတို့နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း ချောင်း၊ ကန်ပေါများပြီး ဆန်စပါးကို အဓိထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Diamond Stars (ကိုယ်ပိုင်အထက်တန်းကျောင်း) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Diamond Stars Education Centre (Private Hight School)၌ ကျင်းပခဲ့သည်။
မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဈေးမြင့်တက်၍ အဆင်ပြေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဝယ်လိုအားကောင်းပြီး မြေပဲဆံနှင့် မြေပီဆီဈေးနှုန်းများ မြင့်တက်လာသောကြောင့် အဆင်‌ပြေလျက်ရှိကြကြောင်း ရွာသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးလှစိုးထံမှ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး