ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုကာကွယ်ရေး ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင်း မိုးသည်းထန်စွာရွာသွန်းချိန် ရေကြီးရေလျှံမှု ဖြစ်လေ့ရှိသည့် စမ်းချောင်း၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပနှင့် တာမွေမြို့နယ်များအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁)၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၅) သင်တန်းဖွင့်ပွဲများကျင်းပ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာ သိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
နိကာယ်စာမေးပွဲကျင်းပမည်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ၂၀၂၄ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲကို ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁ ရက်မှ ၅ ရက်အထိ (၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်မှ ၁၁ ရက်အထိ) ငါးရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသောရက်အတိုင်း နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။
အသိပေးကြေညာချက်

၁၃-၅-၂၀၂၄

ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့

၁၃-၅-၂၀၂၄

မင်းဘူးခရိုင်၌ အပူချိန်မြင့်မားသည့် နွေရာသီကာလ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်ပါက ခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနရုံးများကို ဆက်သွယ်အကူအညီတောင်းခံနိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများအနေဖြင့် အပူချိန်မြင့်မားသည့် နွေရာသီကာလအတွင်း သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်ပါက သောက်သုံးရေများ လှူဒါန်းပေးနိုင်ရေး ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနရုံးများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းထံက သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ

နေပြည်တော်၊ မေ ၁၂