ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းနေပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း (၂၀)မှ အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့သော ငွေပျော်စံပြကျေးရွာ၌ ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများအား မေ ၈ ရက် မွန်းလွဲ ၃ နာရီခွဲက ကျေးရွာခန်းမ၌ သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ကြသည်။