တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ

ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း ၁၁၀၁၅၀၆ ဧကတွင် ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးထား
ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့ရသည့် မိုးစပါးစိုက်ခင်း ၁၁၀၁၅၀၆ ဧကတွင် ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများ ပြန်လည်ကုစားနိုင်ရေး ဌာနနှင့် တောင်သူများပူးပေါင်းကြိုးပမ်း
စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ ပြန်လည်ကုစားနိုင်ရေး ညှိနှိုင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြပြီး လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ရေကျပြီးနောက် ပြန်လည်စိုက်ပျိုးမည့် အစီအစဉ်များ၊ သီးနှံမျိုးစေ့လိုအပ်ချက်များကို ဆွေးနွေးကြသည်။
ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်း ဖမ်းဆီးရမိ
ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် နည်းပြသင်တန်း သင်ကြားနေမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ကျောင်း၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်နည်းပြ သင်တန်းသင်ကြားနေမှုများကို ယနေ့ နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။