ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည် ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဩဂုတ်၂၁

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆိပ်ဖြူမြို့၌ ဆန်လက်လီလက်ကားဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပတ္တမြားဈေးအတွင်း ဆန်လက်လီလက်ကားဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ရောနှောဆီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်း - ဟင်္သာတ - ပုသိမ် ရထားလမ်းပိုင်း၌ အမြန်ရထား ပုံမှန်ပြန်လည်ပြေးဆွဲ
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း - ဟင်္သာတ - ပုသိမ်လမ်းပိုင်း၌ (၁၈၂)အစုန်နှင့် (၁၈၁)အဆန် အမြန်ရထားကို ယနေ့နံနက်ပိုင်းက ပုံမှန်ပြန်လည်ပြေးဆွဲကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီ တစ်ပိဿာလျှင် ၆၇၃၅ ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား စျေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၆၇၃၅ ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။