မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ် စံပြကွက်နှင့် မျိုးသန့်ခြံ၌ မျိုးစေ့ထုတ် နှမ်းစိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၄ ရက် နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် စံပြကွက်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေနှင့် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ နွေနှမ်း(FS - RS) ဆင်းရတနာ(၄) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။







