မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

 

မန္တလေး ဧပြီ ၁၀

China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ် အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၀ 

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် ကချင်ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

 

မြစ်ကြီးနား ဧပြီ ၁၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်း သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စာမတတ်သူများ၊ ကျောင်းမနေဖူးသူ ဒေသခံများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်လာ၍ ဒေသတွင်းစာတတ်မြောက်ရေး မြှင့်တင်နိုင်ရန်အတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီ ၆ ရက်က ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကညှော်(အ.ထ.က)ကျောင်းရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းတွင် သင်ကြားပို့ချနေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် သတင်းတု/သတင်းမှား ဖြန့်ဝေကြောင်း စိစစ်တွေ့ရှိရ
နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)က အရာရှိတစ်ဦးက ပြောကြောင်း အရာရှိအမည် မဖေါ်ပြဘဲ The Nation Voice မီဒီယာ ဆိုသူက သတင်းလွှင့်တင် ဖော်ပြထားမှုအပေါ် ဌာနမှအရာရှိများ အားလုံးအနေဖြင့် မည်သည့်မီဒီယာနှင့်မျှ ယင်းကဲ့သို့ ပြောကြားထားခြင်းမရှိကြောင်း၊ အလားတူ ၎င်းသတင်းပါ အကြောင်းအရာအား ညွှန်ကြားရေးမှူးချုပ်ထံသို့လည်း မည်သူကမျှ ဖုန်း/မက်ဆိတ်ချ် ပြောကြား/ပေးပို့ထားခြင်း မရှိကြောင်း စိစစ်သိရှိရသဖြင့် ၎င်းမှာ သတင်းတု/သတင်းမှား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း စိစစ်သိရှိရပါသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။