ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိ

၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ် ပြိုင်ပွဲဖိတ်ခေါ်

ကျေးရွာရေရရှိရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာစီမံကိန်းများ အတွေ့အကြုံမျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေး တာဝန်ရှိသူများအား တွေ့ဆုံမှာကြား
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ 
စိတ်ကြိုက်မြန်မာစာ ဖြေဆိုမှုပြီးစီး၍ ၂၀၂၄ ခုနှစ် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကြီး ပြီးဆုံး
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စနစ်သစ် သင်ရိုးညွှန်းတန်းဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ရာ ဘာသာတွဲ လေးတွဲဖြင့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြပြီး ယနေ့တွင် Stams (2)အတွဲမှ နောက်ဆုံးဘာသာရပ်ဖြစ်သော စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အမှတ်(၂) အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသူတစ်ဦးဖြေဆိုခဲ့ကာ ၂၀၂၄ ခုနှစ်၏ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကြီး ပြီးဆုံးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် သုတေသနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ကန်ကလေးဥယျာဉ်ခြံသို့ရောက်ရှိရာ ခြံတာဝန်ခံက သစ်သီးဝလံစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် မျိုးကောင်း၊ မျိုးသန့်ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ အသုံးချသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP နှင့် အော်ဂဲနစ် Organic ဆိုင်ရာ နည်းပညာများ ပြန့်ပွားရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြား၍ ဒူးရင်း၊ ကလော စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။