ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(စကု)၊ မကွေးရှိ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(စကု)သို့ ရောက်ရှိပြီး ဘာသာရပ်သင်ခန်းစာများကို အေးချမ်းပျော်ရွှင်ကာ စိတ်ပါဝင်စားစွာ သင်ကြားလျက်ရှိသော ကျောင်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သင်တန်းသားများအား နည်းပညာအရည်အသွေး ပြည့်ဝအောင် ပျိုးထောင်ပေးရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။   
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ရာသီမရွေး ရေလုံလောက်စွာ အသုံးပြုနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ ရာသီမရွေး ရေလုံလောက်စွာရရှိရေး အေးသာယာမြို့ရှိ သစ်ပင်ထောင် ရေထွက်ရှိရာနေရာမှ သင်တန်းစင်တာသို့ ရေသွယ်တန်းနိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီး ဦးမြင့်စိုး မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တောင်မန်းခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဦးစီးဌာနအလိုက် ဆောင်ရွက်နေသော ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ကြရေး မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ပိုင်ဆိုင်မှုအငြင်းပွားခြင်းမရှိဘဲ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကြွေးကျန်ကင်းရှင်းပါက လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အသစ်လဲလှယ်ထုတ်ပေးခြင်းကို ကျေးရွာအရောက် တစ်နေရာတည်းတွင် အပြီးဆောင်ရွက်ပေးသွားမည်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အမြဲတမ်းအတွင်းဝန်နှင့်အတူ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည် လက်ဝဲမြောင်း လက်တံ(၅)နှင့် လက်တံ(၂) ရေသောက်ဧရိယာရှိ ရေအသုံးချသူများအဖွဲ့(WUG) တောင်သူများနှင့်တွေ့ဆုံ၍ နွေစပါး နွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေး၊ မြောင်းအလိုက် ရေပေးရက်များနှင့် ပတ်သက်၍ တောင်သူများ၏ သဘောထားများ၊သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သိရှိလိုသည်များနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန Call Center သို့ ဆက်သွယ်မေးမြန်းနိုင်မှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)တွင် ပညာသင်ယူလျက်ရှိကြသည့် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟိုပုံးမြို့နယ်၌ ကျေးရွာတွင်း သဲဗြုန်းလမ်းနှင့် သစ်သားတံတားသစ် ဖွင့်လှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဝမ်ခွမ်ကျေးရွာ၌ ကျေးရွာတွင်းသဲဗြုန်းလမ်းနှင့် သစ်သားတံတား သစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို၍ သန်လျင်၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဖွင့်လှစ်
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို၍ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသွားသော ကရင်ဆိပ်ကျေးရွာ ပညာမိခင် စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။