တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင်ဖွင့်လှစ်သည့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုစာပေနှင့် အကသင်တန်းဖွင့်ပွဲ တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်ဓမ္မာရုံ အချောသပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွင့်လှစ်သည့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေနှင့် အကသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။







