ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်းကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၅၆)ဦး လွှတ်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ် မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ် လည်း ကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း  ပြစ်ဒဏ်လွတ်ါငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်း ကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား၊ အကျဉ်းသူ (၅၆)ဦးအား လွှတ်ပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ဇီဝိတဒါန ငါး လွှတ်ပွဲ ကျင်းပ
၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ အသက်(၉၀)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ဧပြီ ၁၇ ရက် နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
တွံတေးတူးမြောင်းအတွင်း ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် နှစ်သစ်အခါသမယဖြစ်သည့် မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တွံတေးတူးမြောင်းအတွင်း ငါးလွှတ်ပွဲကို ဧပြီ ၁၇ ရက် နံနက် ၇ နာရီခွဲက ဧရာဝတီသင်္ဘောဆိပ်၊ ဆိပ်ခံဗောတံတား၌ ကျင်းပကြောင်း သိရသည်။
သာယာဝတီဗဟိုအကျဉ်းထောင်မှ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့် အကျဉ်းသားတစ်ဦးအား လွှတ်ပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူများက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့်  အကျဉ်းသားတစ်ဦးကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက သာယာဝတီဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွှတ်ပေးခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကျင်းပ
၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကို သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဧပြီ ၁၇ ရက် နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရေကြည်မြို့နယ်  စိမ်းလဲ့ရေကြည်ခန်းမတွင်   သက်ကြီးဘိုးဘွား(၁၈)ဦးအား  ပူဇော်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နေဝင်းရပ်ကွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်းရှိ စိမ်လဲ့ရေကြည်ခန်းမ၌ ဧပြီ ၁၇ ရက် နံနက် ၈  နာရီ တွင်  သက်ကြီးဘိုးဘွား(၁၈)ဦးအား  ပူဇော်ပွဲ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။ 
မြို့သစ်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြို့သစ်မြို့နယ်ဂေါပကအဖွဲ့ကကြီးမှူး၍ ဧပြီ ၁၇ ရက် နံနက် ၇ နာရီက မြို့သစ်မြို့ ဗိုလ်ချုပ်လမ်း၌ ကျင်းပသည်။