၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း များမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၄၀ ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။