(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပနေမှုကို တိုက်ရိုက်ထုတ်လွှင့်မည်

ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ဖိတ်ကြား
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထူးထုတ် (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုး ထုတ်ဝေရောင်းချမည်

ရန်ကုန်-ပြည်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းသပ်ရပ်မှုရှိစေရေး လုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ သက်ဆိုင်ရာ ဌာနမှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရန်ကုန် - ပြည်လမ်း တစ်လျှောက် စမ်းချောင်းမြို့နယ်၊  မြေနီကုန်းတံတားအဆင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်အထိ လမ်းဘေးဝဲယာတစ်လျှောက်နှင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ မင်္ဂလာကန်ဝန်းကျင် စိမ်းလန်းစိုပြည် သန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကောလင်းခရိုင်အတွင်းရှိ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။