သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာစာတမ်း ဆွေးနွေးပွဲကျင်းပ

 

ညောင်တုန်းမြို့၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

နတ်မောက်ဆည် ရေလှောင်တမံ ရေပိုလွှဲမှ  ၁ ဒသမ ၆ ပေ ရေကျော်
မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ဆည် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု တိုးလာသဖြင့် စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေပိုလွဲမှ ၁ ဒသမ ၆ ပေ ရေကျော်လျက်ရှိကြောင်း တမံတာဝန်ခံ(AE)ထံမှ သိရသည်။
ကော့မှူး၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဆိတ်သားများအား ဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက်ရောင်းချပေးခဲ့သည်။
ပေါက် - ပခုက္ကူသွား ကားလမ်းတွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား

မြင်းမူမြို့နယ်၌ ဝါမျိုးစုံလျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ် စိုက်ပျိုးရာသီအတွင်း  ဝါမျိုးစုံ ဧက ၁၉၅၂၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ဝါမျိုးစုံဧက ၁၉၅၃၂ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးရေးဦးစီးဌာနမှ သိရှိရသည်။