မိုင်းယောင်းမြို့နယ် လွယ်ဝမ်ကောင်းကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လွယ်ဝမ်ကောင်းကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုများအား အမှတ်(၇)ရပ်ကွက်မှ ဦးထွန်းညို မိသားစုက ထောက်ပံ့ငွေနှင့် အဝတ်အထည်များကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။








