တွံတေးမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၁၉)ကျောင်းတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်လက်ခံ
ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေ့အပူချိန်မြင့်မားနေစဉ် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးနေ

သန်လျင်၌ ခရိုင်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြိူ့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၄ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ငဖဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်

မြို့နယ်ပေါင်းစုံ ကရာတေးဒိုသရုပ်ပြပြိုင်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အထူးလေ့ကျင့်လျက်ရှိ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီအားကစားရုံ၌ ကျင်းပပြုလုပ်မည့် မြို့နယ်ပေါင်းစုံ  ကရာ တေးဒိုသရုပ်ပြပြိုင်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူ မြို့နယ်မှ အားကစားသမားများမှာ  မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမတွင် အထူးလေ့ကျင့် လျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံပေး