ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပုဂံ-ညောင်ဦးလေဆိပ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပုဂံ-ညောင်ဦးလေဆိပ် ဧည့်ခန်းမဆောင်၌ ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်းရှစ်ခုမှ တာဝန်ခံ အရာထမ်း၊ အမှုထမ်းများ၊ ပုဂံ-ညောင်ဦးလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။






