ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ကြက်သွန်နီစိုက်ပျိုးရာတွင် ဉစိုက်ပျိုးခြင်းအစား အထွက်နှုန်း ကောင်းသော ပျိုးပင်စိုက်ပျိုးခြင်းကို အားထားစိုက်ပျိုးလုပ်ကိုင်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးရာသီတွင်စိုက်ပျိုးခဲ့သည့် ကြက်သွန်နီ စိုက်ခင်းများ နုတ်သိမ်းချိန်တွင် ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းနေသဖြင့် သီးနှံဝင်ငွေ အကျိုးအမြတ် နည်းပါးခဲ့သည့်အတွက် နွေရာသီ ကြက်သွန်နီး ဈေးကွက်တွင် ဈေးကောင်းရရှိရေး မျှော်လင့်၍ စီးပွားဖြစ် အားထားစိုက်ပျိုး လုပ်ကိုင်နေကြကြောင်းနှင့် ထိုသို့ ကြက်သွန်နီ သီးနှံစိုက်ပျိုးရာတွင်လည်း ဉစိုက်ပျိုးခြင်းအစား အထွက်နှုန်းကောင်းသော ပျိုးပင်စိုက်ပျိုးနည်းစနစ်ကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူများထံမှ သိရ






