ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၁၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်
ယခုဘဏ္ဍာနှစ်တွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို အဆိုပါကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ထီးချိုင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။








