မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်း
မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။








