မိုးမိတ်မြို့နယ်တွင် လယ်ယာထုတ်ကုန်ဧက(၈၀၀)ကျော်အကျိုးပြုမည် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပသင်ကျေးရွာအုပ်စု၊ ဆည်ဦးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။







