ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးသို့ တက်ရောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် The Athenee Tower, Crystal Hall ၌ ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ ၏ အထူးအစည်းအဝေး (Special ASEAN Economic Ministers’ Meeting on RECP)သို့ တက်ရောက်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဘားအံ   ၂၂   ဇွန်

ဒုတိယဝန်ကြီး ဦးကျော်လင်း နေပြည်တော်-တောင်ညို-တောင်တွင်းကြီးလမ်း၊  ဧရာဝတီတံတား (သရက်-အောင်လံ) စီမံကိန်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဇွန် ၂၀ ရက်က ပျဉ်းမနား-တောင်ညို-တောင်တွင်းကြီး မိုင် (၃၆/၄-၃၆/၅) ကြားတွင် Maccaferri ၏ နည်းပညာဖြင့် System Terramesh Geo Grid တို့ကို အသုံးပြု၍ (၁၂၇) မီတာအရှည်၊ (၁၀)မီတာအမြင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နည်းပညာအသစ်ဖြင့် မြေထိန်းနံရံအား စမ်းသပ် တည်ဆောက်ခြင်းဖြစ်၍ မိုးတွင်းကာလတွင် မြေထိန်းနံရံအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်၍ မှတ်တမ်းတင်ထားကြရန် မှာကြားသည်။ 
မုံရွာမြို့ ဗိုလ်ချုပ်လမ်းတစ်လျောက်နှင့် အဝိုင်းပတ်နေရာများတွင် လမ်းလယ်ဓာတ်တိုင်စိုက်ထူခြင်း လုပ်ငန်းများ လုပ်ဆောင်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် အဝိုင်းပတ်နေရာများကို အပိုင်း (၃)ပိုင်းခွဲပြီး လမ်းလယ်ဓာတ်တိုင် စိုက်ထူခြင်းများနှင့် မီးအလှဆင်ခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
(၅) ကြိမ်မြောက် ယောဂနေ့ အခမ်းအနား စစ်တွေမြို့၌ ကျင်းပ
ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့  အထိမ်းအမှတ်အခမ်းအနားကို အိန္ဒိယကောင်စစ်ဝန်ရုံး (စစ်တွေ) မှ ကြီးမှူး၍ စစ်တွေမြို့ စစ်တွေဆိပ်ကမ်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဝက်လက်မြို့နယ်တွင် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ကျေးရွာအရောက်ပေးအပ်
ဇွန် ၂၂ ရက် နံနက်ပိုင်းက စစ်ကိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာ အုပ်စုတွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွားများ ၅၀ ဦး ကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း သာမန်အဆင့် (၁/၂၀၁၉) သင်တန်းဖွင့်လှစ်
မြိတ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား လူမှုကရုဏာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်များကို နားလည်တတ်မြောက်စေရန်နှင့် တက္ကသိုလ်ကိုယ်စားပြု ထူးချွန်ကြက်ခြေနီလူငယ် မောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြိတ်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း သာမန်အဆင့် သင်တန်းကို ယနေ့ နံနက်(၉)နာရီက မြိတ်တက္ကသိုလ် သီရေတာ အဆောင်(၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။