ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်ဖြစ်သည့် ဆော်ပေါ်လိုပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြှင့်တက်နေခြင်းကြောင့် အသွားအလာ ကန့်သတ်ချက်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘရာဇီးအစိုးရက နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အမိန့်တစ်ရပ်အရ သိရှိရသည်။